အာရပ်စော်ဘွားများပြည်ထောင်စု၊ ရှာဂျာ (Sharjah) မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရာသီဥတုအခြေအနေ ဆိုးရွားနေသဖြင့် ယမန်နေ့၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် (တနင်္လာနေ့) တွင် မြို့တစ်ဝန်းရှိ အများပြည်သူသုံး ကားပါကင်နေရာအားလုံးကို အခမဲ့အသုံးပြုခွင့်ပေးထားခဲ့ကြောင်း ရှာဂျာမြို့တော်စည်ပင်သာယာရေးအဖွဲ့က ကြေညာထားပါသည်။ မိုးသည်းထန်မှုကြောင့် လမ်းမများပေါ်တွင် ရေတင်ကျန်ခြင်းနှင့် သွားလာရေးခက်ခဲမှုများ ဖြစ်ပေါ်နေချိန်တွင် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့်နေရာများ၌ ကားများကို အဆင်ပြေစွာ ရပ်နားထားနိုင်ရန် ယခုကဲ့သို့ စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ကားပါကင်မဟုတ်သော နေရာများတွင် ရပ်နားခြင်း၊ လမ်းပိတ်ဆို့အောင် ရပ်နားခြင်းများကိုမူ ခွင့်ပြုမည်မဟုတ်ဘဲ စည်းကမ်းဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပါသည်။ အာဏာပိုင်များက ပြည်သူများအနေဖြင့် ရာသီဥတုဆိုးရွားနေစဉ်အတွင်း အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ကြရန်နှင့် ယာဉ်မောင်းနှင်ရာတွင် အထူးဂရုစိုက်ကြရန် တိုက်တွန်းထားကြောင်း သတင်းတွင် ဖော်ပြထားပါသည်။
အာရပ်စော်ဘွားများပြည်ထောင်စု ရှာဂျာမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့နေ့၌ အများပြည်သူသုံးကားပါကင်များကို အခမဲ့အသုံးပြုခွင့်ပေးထားခဲ့ရ
Mar 24 • 7:06 AM
UAE
Local News
Share
| 5 | 0 | 0 | 0 |


