ဗဟိုဘဏ်မှ ဈေးကွက်လိုအပ်ချက်အရ FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ်သန်း(၅၀)ရောင်းချပေးမည်ဟု အသိပေးခဲ့သည်။ယမန်နေ့ မတ် ၂၃ ရက်ကလည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ(၄၅)သန်းကို သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် ရောင်းချပေးခဲ့သည်ဟု အသိပေးခဲ့သည်။အဆိုပါ အမေရိကန်ဒေါ်လာ(၄၅)သန်းအား ဗဟိုဘဏ်မှ ဈေးကွက်လိုအပ်ချက်အပေါ်အပြည့်အဝပံ့ပိုးပေးနိုင်ရန် လက်ရှိအခြေအနေများအရ ပြည်ပမှဆီပိုမိုတင်သွင်းနိုင်ရေးအတွက်ရောင်းချပေးခဲ့ခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။
| 7 | 0 | 0 | 0 |


