လောင်စာဆီဈေး မြင့်တက်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ ဓာတ်ဆီဆိုင် ၄၀၀ ကျော် သည် လုပ်ငန်းလည်ပတ်မှု ကို ရပ်ဆိုင်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံတော်ရဲတပ်ဖွဲ့ (PNP) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။PNP ၏ပြောရေးဆိုခွင့်ရှိသူ ရန်ဒလ်ဖ် တူအာနို သည်ဖိလစ်ပိုင်တွင်ပိတ်ထားသော ဓါတ်ဆီဆိုင် အရေအတွက်သည်ပြီးခဲ့သောဗုဒ္ဓဟူးနေ့တွင် ၂၇၃ သာရှိရာမှ ၄၀၃ သို့တိုးလာသည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။PNP သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်ဆီဆိုင်ပေါင်း ၁၄,၃၁၃ ရုံကို စောင့်ကြည့်နေပြီး နိုင်ငံ၏ လက်ရှိလောင်စာဆီ ပမာဏသည် ဧပြီလလယ်အထိ လုံလောက်မည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Mar 24 • 6:26 AM
Myanmar
International
Share
| 6 | 0 | 0 | 0 |


