ရန်ကုန်မြို့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ (၂၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကိုလာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ (၂၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဧပြီလ ၁၁ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)ရှိအလှူတော်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းသွေးလှူဒါန်းပွဲသည် အရေးပေါ်သွေးလိုအပ်နေသည့် လူနာများအတွက် ဇီဝိတဒါနအလှူအဖြစ် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များက စုပေါင်းသွေးလှူဒါန်းကြမည် ဖြစ်သည်။



