back

တရုတ် - မြန်မာ နယ်စပ်မူဆယ်မှာ စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ၁၆,၀၀၀ ကျော်လာသလို နိုင်ငံတဝှမ်းမှောင်ခိုဈေးကွက် ကြီးထွားနေ

Mar 24 • 6:02 AM

breaking-news

Myanmar

Local

breaking-news
cover

တရုတ် - မြန်မာ နယ်စပ်မူဆယ်မှာ စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ၁၆,၀၀၀ ကျော်လာသလို နိုင်ငံတဝှမ်းမှောင်ခိုဈေးကွက် ကြီးထွားနေ

တရုတ် - မြန်မာ နယ်စပ် မူဆယ်မှာ ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်း စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ကျပ် ၁၆,၀၀၀ ကျော်လာနေပြီး ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒီမနက်က...

တရုတ် - မြန်မာ နယ်စပ် မူဆယ်မှာ ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်း စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ကျပ် ၁၆,၀၀၀ ကျော်လာနေပြီး ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒီမနက်က တလီတာခွဲ လက်ဆွဲဘူး တဘူး နှစ်သောင်းခွဲ ရောင်းတယ်။ ဓာတ်ဆီရော ဒီဇယ် ဈေး အတူတူပဲ ရောင်းတယ်။ အဲဒါတောင် ပြန်ရောင်းဖို့ ဝယ်မရဖြစ်နေတာ" လို့ ဘူးနဲ့ ရောင်းနေတဲ့ အမျိုးသမီး တယောက်ကပြောပါတယ်။

မနေ့ မတ်လ ၂၃ ရက်နေ့က ၁၉ လီတာ ပုံးဝါ တပုံး နှစ်သိန်းခွဲ ဈေးပေါက်ပေမယ့် ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်မှာတော့ သုံးသိန်းခွဲ ဈေးပေါက်နေပြီလို့ သူက ပြောပါတယ်။ တရုတ်ဘက် ကျယ်ကောင်မှာလည်း ဆီ ရောင်းပေးတာ ကန့်သတ်လိုက်တာကြောင့် တပိုင်တနိုင် အရောင်းသမားတွေ စက်သုံးဆီ ဝယ်ရခက်ခဲသွားပြီလို့ သူက ပြောပါတယ်။ မူဆယ်မြို့ပေါ်က ပန့်ဆီဆိုင်ကြီးမှာတော့ တလီတာ ၈,၀၀၀ နှုန်းရှိပြီး တရက်ကို တနာရီခန့်သာ ရောင်းပေးကြောင်း ပန့်ဆီဆိုင် ဝန်ထမ်း တယောက်က ပြောပါတယ်။ အစိုးရ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချပါက တိုင်ကြားနိုင်‌ေကြာင်း အသိပေး ကြေညာထားပေမယ့် ဖုန်းတွေမကိုင်ကြသလို ဖမ်းဆီးခွင့်ရှိတဲ့အဖွဲ့တွေကိုတိုင်ကြားပေမယ့် အရေးတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

news-view-count-icon

18