ထိုင်းနိုင်ငံ၊ ချုမ်ဖွန်ခရိုင်၊ ဝမ်မိုင်ကျေးရွာအနီး ဟိုက်ဝေးလမ်းမပေါ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦး တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးသည် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို ရှောင်တိမ်းမောင်းပြေးရာမှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါကားသည် မဟာချိုင်မြို့မှ ဟတ်ယိုင်မြို့သို့ ဦးတည်မောင်းနှင်နေစဉ် အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးရာမှ ရပ်တန့်ခြင်းမရှိဘဲ ကီလိုမီတာ ၂၀ ခန့်အကွာအထိ မောင်းပြေးခဲ့ခြင်းဖြစ်သည်။ယာဉ်တိမ်းမှောက်ပြီးနောက် စစ်ဆေးရာတွင် ကားပေါ်၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာအမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ လက်ရှိတွင် ၎င်းတို့အား စလွီရဲစခန်း၌ ထိန်းသိမ်းထားပြီး အမှုတွင် ပါဝင်ပတ်သက်နေသူများကို ဆက်လက်ဖော်ထုတ်နိုင်ရန် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။
Mar 24 • 4:39 AM
Thailand
Local News
Share
| 6 | 0 | 0 | 0 |


