back

ကနေဒါ ခရီးသည်တင်လေယာဉ် ဆင်းသက်စဥ် မီးသတ်ကားဖြင့် တိုက်မိပြီး လေယာဉ်မှူးနှစ်ဦး သေဆုံး

Mar 24 • 4:40 AM

breaking-news

Myanmar

International

cover

ကနေဒါ ခရီးသည်တင်လေယာဉ် ဆင်းသက်စဥ် မီးသတ်ကားဖြင့် တိုက်မိပြီး လေယာဉ်မှူးနှစ်ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ လာဂွာဒီယာ (LaGuardia) လေဆိပ်တွင် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့မှ ပျံသန်းလာသည့် Air Canada Express ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသ...

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ လာဂွာဒီယာ (LaGuardia) လေဆိပ်တွင် ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့မှ ပျံသန်းလာသည့် Air Canada Express ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်စဉ် ပြေးလမ်းပေါ်ရှိ မီးသတ်ကားတစ်စီးနှင့် တိုက်မိမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။ အဆိုပါ CRJ-900 အမျိုးအစား လေယာဉ်ပေါ်တွင် ခရီးသည် ၇၂ ဦး လိုက်ပါလာခဲ့ပြီး လေယာဉ်ထိပ်ပိုင်း သိသာစွာ ပျက်စီးသွားခဲ့သလို ဒဏ်ရာရရှိသူလည်း အများအပြားရှိကြောင်း NBC News က ဖော်ပြထားသည်။မီးသတ်ယာဉ်မှာ အခြားအခင်းဖြစ်ပွားမှုတစ်ခုကို သွားရောက်ဖြေရှင်းစဉ် ပြေးလမ်းအမှတ် (၄) ပေါ်၌ တိုက်မိခြင်းဖြစ်ပြီး ယာဉ်မောင်းနှင်သည့် ရဲအရာရှိနှစ်ဦးလည်း အရိုးကျိုးဒဏ်ရာများ ရရှိခဲ့သည်။ Flightradar24 ၏ အချက်အလက်များအရ လေယာဉ်မှာ တစ်နာရီ ၂၄ မိုင်နှုန်းခန့်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် လေဆိပ်ကို ပိတ်ထားရကြောင်း သိရှိရပါသည်။

news-view-count-icon

14