မန္တလေးမြို့ရှိ Mandalay Smart Home Builders ကုမ္ပဏီမှ အမေရိကန်နည်းပညာသုံး အပူ၊ ရေနှင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် Mobile Home (ရွှေ့လျားအိမ်ရာ) များကို ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါအိမ်များသည် သက်တမ်းနှစ် ၃၀ အထိ အသုံးခံပြီး အာမခံ ၆ လ ပေးထားကာ ဈေးနှုန်းအားဖြင့် အိမ်တွင်းအသုံးအဆောင်များအပေါ်မူတည်၍ ကျပ်သိန်း ၁၆၀ ကျော်မှ ၃၀၀ ကျော်အထိ ရှိနိုင်သည်။ အထူးသဖြင့် မြေပိုင်ဆိုင်မှုမရှိသေးသူများအတွက် ရည်ရွယ်ကာ ကုမ္ပဏီမှ မြေယာငှားရမ်းပေးခြင်းနှင့် မန္တလေးမြို့တွင်း အခမဲ့ပို့ဆောင်ပေးခြင်းတို့ကို စီစဉ်ပေးထားပြီး နောင်တွင် ပြည်တွင်းဖြစ်ပစ္စည်းများဖြင့် ဈေးနှုန်းပိုမိုသက်သာအောင် ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရပါသည်။



