ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ "သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်" အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ မူလဘေးမဲ့တောဧရိယာ ၂၁၇ ဧကကျော်ကို ရေပြင်ဧရိယာ ၁၁,၈၉၇ ဧက ထပ်မံတိုးချဲ့လိုက်သဖြင့် စုစုပေါင်း ဧက ၁၂,၁၁၄ ကျော် ကျယ်ဝန်းလာမည်ဖြစ်ပြီး ယခုသတ်မှတ်ချက်သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် ဖြစ်လာမည်ဖြစ်သည်။ ယခုကဲ့သို့ အဆင့်မြှင့်တင်လိုက်ခြင်းဖြင့် သန္တာကျောက်တန်းများ၊ ပင်လယ်လိပ်မျိုးစိတ်များနှင့် ရေပေါ်ရေအောက် ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုထိန်းသိမ်းနိုင်မည့်အပြင် မော်တင်စွန်းဘုရားနှင့် နီးကပ်စွာတည်ရှိသဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် သုတေသနလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Mar 24 • 3:10 AM
Myanmar
Ayeyarwady
Share
| 7 | 0 | 0 | 0 |


