back

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် စတင်ပြေးဆွဲမည်

Mar 24 • 3:09 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် စတင်ပြေးဆွဲမည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြု၍ ပြေးဆွဲခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်ဘူတာကြီး၌ အခမ်းအနားဖြင့် ...

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြု၍ ပြေးဆွဲခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်ဘူတာကြီး၌ အခမ်းအနားဖြင့် ဖွင့်လှစ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အဆိုပါ ရထားတွဲဆိုင်းတွင် လူစီးတွဲ ၄ တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်မည်ဖြစ်ပြီး ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြုခြင်းကြောင့် ပုံမှန်ဒီဇယ်စက်ခေါင်းနှင့် နှိုင်းယှဉ်ပါက တစ်ရက်လျှင် စက်သုံးဆီစရိတ် ကျပ် ၆ သိန်းကျော် သက်သာစေမည်ဖြစ်သည်။ မြန်မာ့မီးရထားအနေဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်ကာ နေပြည်တော်-မန္တလေး လေအိတ်ရထားခရီးစဉ်တွင်လည်း ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို အောင်မြင်စွာ အသုံးပြုပြေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

10