အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံများကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ခဲ့ပါက မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကိုအလုံးစုံ ပိတ်ထား ရလိမ့်မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို၄၈နာရီအတွင်း အပြည့်အဝဖွင့်လှစ်ပေးခြင်းမရှိပါက အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံများကို တိုက်ခိုက်ဖျက်ဆီးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကခြိမ်းခြောက်ခဲ့ပြီးနောက် အီရန်တော်လှန်ရေးအစောင့်တပ်က အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ၎င်းခြိမ်းခြောက်ထားသည့်အတိုင်း အီရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ခဲ့ပါက ဟော်မုဇ်ရေလက်ကြားအား အလုံးစုံ ပိတ်ဆို့ထားမည်ဖြစ်ကြောင်း၊ ယင်းအပြင် အမေရိကန်များ အစုရှယ်ယာ ထည့်သွင်းထား သည့် စွမ်းအင်ကုမ္ပဏီများကိုလည်းဖျက်ဆီးမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့် တပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အရှေ့အလယ်ပိုင်းစစ်ပွဲ သီတင်းလေးပတ်တာကာလအတွင်း စတင်ဝင်ရောက်လာချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကမ္ဘာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေရသောဟော်မုဇ်ရေလက်ကြားကို အပြည့်အဝပြန်လည်ဖွင့်လှစ် ပေးရန် အီရန်ကို အချိန်၄၈နာရီ ပေးထားခြင်းဖြစ်သည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေမှုကြောင့်အီရန်စစ်ပွဲစတင်ချိန်မှစ၍ နိုင်ငံတကာစွမ်းအင် ဈေးကွက်၌ စွမ်းအင်ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။ 
Mar 24 • 2:44 AM
Myanmar
International
Share
| 15 | 0 | 0 | 0 |


