၂၀၂၅-၂၀၂၆ ရာသီ ထိုင်းလိဂ်-၂ ပွဲစဉ် (၃၁) အဖြစ် မတ်လ ၂၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ကစားသမားချင်း ထိပ်တိုက်တွေ့ဆုံမှုတွင် တိုက်စစ်မှူး သန်းပိုင်၏ ထရတ်အသင်းက ကွင်းလယ်လူ လွင်မိုးအောင်၏ မဟာဆာရာခမ်အသင်းကို အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲတွင် လွင်မိုးအောင်သည် မဟာဆာရာခမ်အသင်းအတွက် ပွဲထွက်လူစာရင်း၌ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သော်လည်း အသင်းရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး၊ သန်းပိုင်မှာမူ ပွဲပြီးခါနီးမှသာ လူစားလဲဝင်ရောက်ကစားခဲ့ရသည်။ လက်ရှိရာသီတွင် သန်းပိုင်နှင့် လွင်မိုးအောင်တို့ နှစ်ဦးစလုံးသည် မိမိတို့ကလပ်အသင်းများအတွက် (၇) ဂိုးစီ သွင်းယူပေးထားနိုင်ကာ အသင်း၏ အားထားရသည့် ကစားသမားများအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။
Mar 24 • 3:15 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


