မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူရရှိမှု ပိုမိုခက်ခဲလာပြီး ပဲစိုက်တောင်သူများ အချိန်မီရိတ်သိမ်းရန် အခက်ကြုံနေရသဖြင့် ယခုနှစ်တွင် ပဲရရှိရန်မသေချာကြောင်း ဒေသခံတောင်သူများက ပြောသည်။မတ်လဆန်းပိုင်းမှစ၍ စက်သုံးဆီများကို စုံ/မ စနစ်ဖြင့် ရောင်းချရန်ကန့်သတ်ထားသည့်အပြင် လုပ်ငန်းသုံးအတွက် ဝယ်ယူလိုသူများကို သက်ဆိုင်ရာထောက်ခံစာအပါအဝင် အသုံးပြုသည့်ယာဉ်ပါမှသာ ရောင်းချပေးမည်သဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းမှ တောင်သူများ စက်သုံးဆီရရှိရန် ခက်ခဲနေသည်။ရိတ်သိမ်းထားသည့်ပဲများကို အချိန်ကြာသည်အထိ ခြွေလှေ့ခြင်းမလုပ်နိုင်သေးသဖြင့် ပဲအရည်အသွေးကျဆင်းနိုင်သည့်အပြင် အညှောက်ပေါက်ပြီး ပျက်စီးသွားနိုင်ကြောင်းလည်း ကျိုက်မရောမှ ပဲစိုက်တောင်သူတစ်ဦးက ဆိုသည်။
Mar 24 • 2:30 AM
Myanmar
Mon
Share
| 7 | 0 | 0 | 0 |


