back

ထိုင်းနိုင်ငံ ပျော်စရာကောင်းတဲ့ နိုင်ငံစာရင်းမှာ အဆင့် ၅၂ အထိ ကျဆင်းသွား

Mar 24 • 2:29 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ပျော်စရာကောင်းတဲ့ နိုင်ငံစာရင်းမှာ အဆင့် ၅၂ အထိ ကျဆင်းသွား

ကမ္ဘာပေါ်က ပျော်စရာအကောင်းဆုံးနိုင်ငံတွေကို စာရင်းသတ်မှတ်ချက်အရ ဒီနှစ်မှာ ထိုင်းနိုင်ငံက မနှစ်ကအဆင့် နံပါတ် ၄၉ ကနေ ၅၂ အဆင့်အထိ ကျဆင်းသွားပါတယ်။ ဒီစာရင်းရဲ့ ထိပ်...

ကမ္ဘာပေါ်က ပျော်စရာအကောင်းဆုံးနိုင်ငံတွေကို စာရင်းသတ်မှတ်ချက်အရ ဒီနှစ်မှာ ထိုင်းနိုင်ငံက မနှစ်ကအဆင့် နံပါတ် ၄၉ ကနေ ၅၂ အဆင့်အထိ ကျဆင်းသွားပါတယ်။ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာတော့ အပျော်ဆုံးနိုင်ငံအဖြစ် ဖင်လန်က ဆက်လက်ရပ်တည်နေပြီး သူ့နောက်မှာ အိုက်စလန်နဲ့ ဒိန်းမတ်တို့ရှိနေပါတယ်။ လူတွေ အားလုံးကို အံ့အားသင့်သွားစေတာက ကောစတာရီကာဖြစ်ပြီး အဆင့် လေးအထိတက်လာသလို၊ ဆွီဒင် အဆင့် (၅)၊ နော်ဝေ အဆင့် (၆)၊ နယ်သာလန် (၇)၊ အစ္စရေး (၈)၊ လူဇင်ဘတ် (၉) နဲ့ ဆွစ်ဇာလန် (၁၀) ပါ။အမေရိကားကတော့ အဆင့် (၂၃)၊ ကနေဒါက (၂၅) နဲ့ ယူကေက (၂၉) မှာရှိနေပြီး ထိုင်းက နံပါတ် (၅၂) ပါ။ ဒီစာရင်းသတ်မှတ်ဖို့ အချက် (၆) ချက်သတ်မှတ်ထားပြီး GDP/ လူတွေရဲ့ အသက်ရှည်နှုန်း၊ ရက်ရောမှုနှုန်း၊ လွတ်လပ်မှုနှုန်းနဲ့ ရာဇဝတ်မှု စတာတွေကို သတ်မှတ် အဆင့်ပေးပြီး ၃ နှစ်စာ အချက်အလက်နဲ့ တွက်ထုတ်တာပါ။

news-view-count-icon

10