back

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ “Personal Development Training” သင်တန်းကို ၂ ရက်တာ ပို့ချ‌ပေးခဲ့

Mar 24 • 2:28 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ “Personal Development Training” သင်တန်းကို ၂ ရက်တာ ပို့ချ‌ပေးခဲ့

ကယား(ကရင်နီ)ပြည်၊ ဒီး‌မော့ဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာမှာ Personal Development Training သင်တန်းကို ၂ ရက်တာ ပို့ချ‌ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ခေါင်းစဉ်အကြော...

ကယား(ကရင်နီ)ပြည်၊ ဒီး‌မော့ဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာမှာ Personal Development Training သင်တန်းကို ၂ ရက်တာ ပို့ချ‌ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ခေါင်းစဉ်အကြောင်းအရာနဲ့ သင်တန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အဖွဲ့အစည်းတချို့ကနေ ဦးဆောင်ပြီး တစ်ပတ်တာ ပို့ချခဲ့ပြီးနောက် သင်တန်းပြီးမြောက်သွားတဲ့ သင်တန်းသားတချို့ကနေ ထပ်ဆင့်ပြန်လည်မျှဝေပို့ချပေးတာလို့ သင်တန်းပို့ချပေးခဲ့သူ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ သင်တန်းကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့ ၂ ရက်တာ ပြုလုပ်ခဲ့ကာ လူငယ်သင်တန်းသား၂၀ ဦး တက်ရောက်ခဲ့ကြပါတယ်။ သင်တန်း ၂ ရက်တာအတွင်း ပြောဆိုဆက်ဆံဆက်သွယ်ရေး(Communication) ၊ အများရှေ့ပြောကြားခြင်း(Public Speaking)၊ ခေါင်းဆောင်မှု(Leadership)၊ တင်ဆက်မှု(Presentation/Group Presentation) စတဲ့ အကြောင်းအရာတွေ ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။ အခုလို ထပ်ဆင့် ပြန်လည်မျှဝေပေးနိုင်မှုကြောင့်လည်း လူငယ်တွေအတွက် အခွင့်အလမ်းပိုမိုရရှိစေနိုင်တယ်လို့ သင်တန်းပြုလုပ်သူတွေက ပြောပါတယ်။

news-view-count-icon

11