ထိုင်းနိုင်ငံတွင် ဝက်သား၊ ကြက်ဥ၊ ကြက်သားတွေဟာ ရုတ်တရက် ဈေးမြင့်တက်လာလို့ ထိုင်းပြည်သူတွေ အခက်ကြုံလာဖို့ရှိနေပါတယ်။ အစိုးရက ဈေးမတက်ရဘူးလို့ ပြောပေမယ့် တဖြည်းဖြည့်မြင့်လာတာပါ။ကြက်ခြေထောက်တွေက မတ်လအစမှာ တစ်ကီလို ၈၀-၈၅ ဘတ်ရှိရာကနေ အခုဆို ဘတ် ၉၀-၉၅ ဝန်းကျင်၊ကြက်ပေါင်က အရင်တုန်းက တစ်ကီလို ဘတ် ၈၅ ဝန်းကျင်ကနေ အခုဆို ဘတ် ၉၅- ၁၀၀ ဝန်းကျင်၊ဝက်သားကလည်း တစ်ကီလိုကို ၁၆၅ ဘတ်ဝန်းကျင် (အရင်ထက် ၁၅ ဘတ်ပိုများ)၊ကြက်ဥကလည်း တစ်လုံးကို ၂၀ Satang ဝန်းကျင် (အလုံး ၃၀ တစ်ကဒ်ကို ၆ ဘတ်ဝန်းကျင်) တက်လာသလို လက်လီဆိုင်တွေမှာဆို ကြက်ဥတစ်လုံးကို ၄ ဘတ်ကနေ ၅ ဘတ်ကြားရောင်းနေပါတယ်။အစိုးရက ဈေးလျှော့ဖို့ပြောပေမယ့် ပြည်သူတွေကတော့ တက်ဈေးနဲ့ ဝယ်နေရလို့ အခက်အခဲကြုံနေပြီး အမြန်ဖြေရှင်းပေးဖို့၊ ဆင်းရဲသူတွေ အဆင်ပြေဖို့ တိုက်တွန်းနေကြပါတယ်။
Mar 24 • 2:31 AM
Thailand
Local News
Share
| 9 | 0 | 0 | 0 |


