back

လေ့ကျင့်ရေးကွင်းသို့ နောက်ကျပြီးမှ ရောက်လာသဖြင့် အရန်ခုံပို့ခံခဲ့ရသည့် အာနိုး

Mar 24 • 1:30 AM

breaking-news

Myanmar

International

cover

လေ့ကျင့်ရေးကွင်းသို့ နောက်ကျပြီးမှ ရောက်လာသဖြင့် အရန်ခုံပို့ခံခဲ့ရသည့် အာနိုး

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ထရန့်အလက်ဇန္ဒားအာနိုးဟာ လေ့ကျင့်ရေးအစီအစဉ်ကို နောက်ကျမှ ရောက်ရှိလာခဲ့တာကြောင့်...

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ထရန့်အလက်ဇန္ဒားအာနိုးဟာ လေ့ကျင့်ရေးအစီအစဉ်ကို နောက်ကျမှ ရောက်ရှိလာခဲ့တာကြောင့် အက်သလက်တီကိုနဲ့ ဒါဘီပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။နည်းပြ အာဘီလိုအာက အာနိုးရဲ့ စည်းကမ်းပိုင်းအားနည်းမှုကို အရေးယူတဲ့အနေနဲ့ ဒန်နီကာဗာဟယ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး အာနိုးကတော့ ပွဲပြီးခါနီး ၁၅ မိနစ်မှသာ လူစားဝင်ကစားခွင့်ရခဲ့တာပါ။ရီးရဲလ်မက်ဒရစ်က (၃-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဗီနီစီးယပ်စ်က ၂ ဂိုး၊ ဗယ်ဗာဒီ ၁ ဂိုး သွင်းယူပေးခဲ့ပြီး ဇယားထိပ်က ဘာစီလိုနာကို ၄ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

news-view-count-icon

42