back

မွန်ပြည်နယ်၊ချောင်းဆုံတွင် ဆီတန်းစီပြီးအပြန် တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်သေဆုံး

Mar 24 • 1:29 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ချောင်းဆုံတွင် ဆီတန်းစီပြီးအပြန် တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်သေဆုံး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာမှ တက္ကစီယာဉ်မောင်းတစ်ဦး စက်သုံးဆီရရှိရန် နေအပူရှိန်မြင့်တက်နေစဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သည့်ဒဏ်ကြောင့် အပူ...

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာမှ တက္ကစီယာဉ်မောင်းတစ်ဦး စက်သုံးဆီရရှိရန် နေအပူရှိန်မြင့်တက်နေစဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သည့်ဒဏ်ကြောင့် အပူရှပ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရွာခံများ၏ ပြောပြချက်အရ သိရသည်။ယမန်နေ့ မတ်လ ၂၃ ရက်နေ့က မုဒွန်းရွာမှ အသက် ၄၀ ကျော် တက္ကစီယာဥ်မောင်းတစ်ဦးသည် နံနက် ၂ နာရီခွဲမှ နေ့လည်အထိ ဆီဆိုင်ရှေ့တန်းစီခဲ့ရာ ညနေပိုင်း နေအိမ်အရောက်တွင် ခေါင်းကိုက်ဝေဒနာစတင်ခံစားရာမှ သွေးပေါင်ကျ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း မုဒွန်းရွာခံတစ်ဦးက ဆိုသည်။“မနက်က ၂ နာရီခွဲ ၃ နာရီကတည်းက ထပြီးဆီသွားတန်းစီတာ နေ့လယ်အချိန်အထိ။ ဆိုတော့ နေပူထဲအကြာကြီးနေထားတော့ ညနေပိုင်းလောက်က ခေါင်းကိုက် သွေးပေါင်ကျတယ်။ ဆေးရုံကို အမြန်ခေါ်သွားတယ်။ သူ့မှာလည်း ရောဂါအခံရှိနေတော့ မမှီဘူး။” ဟု မုဒွန်းဒေသခံတစ်ဦးက ဆိုသည်။ချောင်းဆုံအပါအဝင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသည် နံနက် ၇ နာရီမှ ၉ နာရီအထိ၊ ညနေပိုင်း ၃ နာရီမှ ၅ နာရီအထိသာ စက်သုံးဆီများ ဖွင့်လှစ်ရောင်းချပေးနေပြီး နံနက်ပိုင်းဖွင့်သည့်အချိန်တွင် ဆီရရှိရန် ဒေသခံများ နံနက် ၂ နာရီမှစ၍ စောင့်ဆိုင်းဝယ်ယူနေရသည်။လက်ရှိ မွန်ပြည်နယ်၏ နေ့အပူအချိန်သည် ပျမ်းမျှ ၄၀ ဒီဂရီဝန်းကျင်တွင်ရောက်ရှိနေသဖြင့် နေရောင်အကာအကွယ်မပါဘဲ တန်းစီစောင့်ဆိုင်းခြင်း၊ သက်ကြီးပိုင်းများ ဆီတန်းဆီဝယ်ယူခြင်းများ မပြုလုပ်သင့်ကြောင်း မုဒုံမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက တိုက်တွန်းသည်။

news-view-count-icon

9