back

စပါးအသင်း တန်းဆင်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

Mar 24 • 1:27 AM

breaking-news

Myanmar

International

cover

စပါးအသင်း တန်းဆင်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

စပါးအသင်းဟာ နော်တမ်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ (၃-၀) ဂိုးနဲ့ ဂိုးပြတ်ရှုံး နိမ့်ခဲ့ပြီးနောက် ပရီမီယာလိဂ်ကနေ တန်းဆင်းရတော့မဲ့ အခြေအနေဆိုးနဲ့ နီးကပ်လာနေပါတယ်။ယာယီ...

စပါးအသင်းဟာ နော်တမ်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ (၃-၀) ဂိုးနဲ့ ဂိုးပြတ်ရှုံး နိမ့်ခဲ့ပြီးနောက် ပရီမီယာလိဂ်ကနေ တန်းဆင်းရတော့မဲ့ အခြေအနေဆိုးနဲ့ နီးကပ်လာနေပါတယ်။ယာယီနည်းပြ အီဂေါတူဒေါ လက်ထက် ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ထားတဲ့ စပါးဟာ ၂၀၂၆ ခုနှစ်အတွင်း လိဂ်နိုင်ပွဲ တပွဲမှ မရရှိသေးဘဲ တန်းဆင်းဇုန်နဲ့ ၁ မှတ်အကွာ အဆင့် ၁၇ နေရာအထိ ကျဆင်းသွားတာပါ။ဖောရက်စ်အတွက် အနိုင်ဂိုးတွေကို အီဂေါဂျေးဇူး၊ မော်ဂန်ဂစ်ဘ်ဝှိက်နဲ့ အာဝိုနီယီတိုက သွင်းယူခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ဖောရက်စ်က စပါးကို ကျော်ဖြတ်ကာ အဆင့် ၁၆ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ နည်းပြတူဒေါရဲ့ အနာဂတ်ဟာလည်း အဆုံးသတ်ဖို့ နီးစပ်နေပြီး စပါးအသင်းအနေနဲ့ လာမဲ့ ၇ ပွဲမှာ ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်ရင်တော့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် တန်းဆင်းရမဲ့ အရှက်ရဖွယ် မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

news-view-count-icon

12