ကချင်ပြည်နယ်၊အင်းတော်ကြီးသေထဲမှာ တရားမဝင် ရွှေတူးဖော်မှုတွေ တနေ့တခြား ပိုမိုဆိုးရွားလာရာကနေ ၂၀၂၄–၂၀၂၅ ခုနှစ်တွေမှာ ကျေးရွာဧရိယာအထိ ရွှေတူးဖော်မှု ရှိလာတဲ့အပြင် ကျေးရွာထဲက လူနေအိမ်ခြံဝင်း တွေအထိ ရွှေတူးဖော်မှုတိုးချဲ့လာတာကြောင့် လက်ရှိ ဒေသခံတွေသောက်သုံးရေ ခက်ခဲလာတဲ့အထိ ဖြစ်လာနေတယ်လို့ မိုင်းနောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ဒေသခံတွေပြောပြချက်အရ ယခင်နှစ်တွေမှာ ၁၂ ရာသီရေတွင်း အသုံးပြုလို့ရနေပေမယ့် ယခုနှစ်ထဲမှာတော့ ဇန်နဝါရီလကနေစပြီး ရေတွင်း ပုံမှန်နှစ်တွေနဲ့ မတူပဲသိသိသာသာခမ်းခြောက်လာပြီး ဒေသခံတွေသောက်သုံးရေ ခက်ခဲနေကြကြောင်း သိရပါတယ်။မိုင်းနောင်၊ မမုံကိုင်ကျေးရွာတွေဟာ တခြားဒေသတွေမှာလို ချောင်းရေ၊တောင်ကျချောင်းရေကိုသွယ်တန်းအသုံးပြုရတာမဟုတ်ပဲ ရေတွင်း တစ်ခုတည်းကိုသာ အားထားပြီးသုံးနေရတဲ့ကျေးရွာတွေလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်ဒေသခံတွေသောက်သုံးရေ ခက်ခဲတဲ့အထိ ဖြစ်လာ
Mar 24 • 1:24 AM
Myanmar
Kachin
Share
| 8 | 0 | 0 | 0 |


