ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ အာဟာရပြတ်ပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။သေဆုံးသူရဲ့ ရုပ်အလောင်းကို မနေ့ည မနက် ၈နာရီ ၄၅မိနစ်အချိန် ရမ်ပူရပ်ကွက် နယ်မြေ ၂၁ က ခြံအလွတ်တစ်ခုမှာတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့သိရှိရပါတယ်။ရုပ်အလောင်းကိုကြည့်ခြင်းအားဖြင့် သေဆုံးတာ ရက်အနည်းငယ်ကြာနေပြီလို့ယူဆရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
Mar 24 • 1:23 AM
Myanmar
Kachin
Share
| 8 | 0 | 0 | 0 |


