back

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ အောက်ပြန်ရောက်ရှိ

Mar 24 • 1:22 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ အောက်ပြန်ရောက်ရှိ

ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်းလာနေပြီး မနေ့ မတ်လ ၂၃ ရက်နေ့တွင် ၁၆ ပဲရည်တစ်ကျပ်သား သိန်း ၁၀၀ အောက်ပြန်ရောက်ရှိလာကြောင်း ပြည်တွင်းရွှေဈေးကွ...

ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်းလာနေပြီး မနေ့ မတ်လ ၂၃ ရက်နေ့တွင် ၁၆ ပဲရည်တစ်ကျပ်သား သိန်း ၁၀၀ အောက်ပြန်ရောက်ရှိလာကြောင်း ပြည်တွင်းရွှေဈေးကွက်များထံမှ သိရသည်။မတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ကမ္ဘာ့ရွှေဈေး အမေရိကန်ဒေါ်လာ ၄,၃၆၄ ဖြင့် ပိတ်ခဲ့ပြီး အခေါက်ရွှေဈေး တစ်ကျပ်သားလည်း ၉,၅၃၀,၀၀၀ ကျပ်သို့ ကျဆင်းသွားသည်ဟု သိရသည်။ပြီးခဲ့သည့်မတ်လ ၁၁ ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅,၂၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီး၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၁၀ အထိရောက်ရှိခဲ့သည်။ပြည်တွင်းရွှေဈေးကွက်မတည်ငြိမ်စေရန် ရည်ရွယ်ပြီးရွှေတုံး၊ ရွှေခဲ သိုလှောင်ရောင်းဝယ်မှုနှင့် ဖေဖော်ဝါရီလ အစောပိုင်းတွင် ဖမ်းဆီးခံထားရသည့် ရွှေလုပ်ငန်းရှင်အသင်းတာဝန်ရှိသူ ၃ ဦးကို မတ်လ ၁၉ ရက်တွင် ငွေဒဏ်အပြင် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်အရေးယူခဲ့သည်ဟုသိရသည်။

news-view-count-icon

12