ရန်ကုန်၊ တိုက်ကြီးနဲ့ ဒလမြို့နယ်မှာ ၂၄ နာရီအတွင်း တောမီးအပါအဝင် မီး ၅ ကြိမ်လောင်ခဲ့ပြီး ကျိုက်ထီးရိုးမှာလည်း တောမီးလောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။မတ် ၂၃ ရက်၊ ယမန်နေ့ညနေ ၄ နာရီ ၂၅ မိနစ်မှာ တိုက်ကြီးမြို့နယ်၊ ရွာသာရွာ၊ တိုက်ကြီး-အဖျောက်လမ်းမှာ ကိုင်းတောမီးလောင်ခဲ့ပြီး မွန်းလွဲ ၃ နာရီလောက်ကလည်း တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရွာတန်းရှည်လမ်းမှာ ကိုင်းတောမီးလောင်တာကြောင့် တိုက်ကြီး မီးသတ်စခန်းက မီးသတ်ကား ၃ စီးနဲ့ သွားရောက် ငြှိမ်းသတ်ခဲ့ရပြီး နာရီဝက်လောက်အကြာမှာ မီးငြိမ်းခဲ့ပါတယ်။တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘုရားကုန်းရွာမှာလည်း မွန်းလွဲ ၂ နာရီခွဲကျော်က ကိုင်းတောမီးလောင်လို့ ဥက္ကံနယ်မြေစခန်းနဲ့ အရန်မီးသတ်စခန်းတို့က ကား ၂ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး ၂ နာရီကြာလောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။မနက် ၉ နာရီလောက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ် ကျီးကန်းပါးစပ်နားမှာ တောမီးလောင်တာကြောင့် ငြှိမ်းသတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Mar 24 • 1:21 AM
Myanmar
Yangon
Share
| 38 | 0 | 0 | 0 |


