back

ပဲခူးမြို့တွင် စက်သုံးဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဆီဝယ်ခွင့်ရဟုဆို

Mar 24 • 1:32 AM

breaking-news

Myanmar

Bago

cover

ပဲခူးမြို့တွင် စက်သုံးဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဆီဝယ်ခွင့်ရဟုဆို

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ စက်သုံးဆီဝယ်ယူလိုပါက စက်သုံးဆီ ထုတ်ယူခွင့်စာအုပ် လုပ်ရမှာဖြစ်ပြီး အဆိုပါစာအုပ်နဲ့သာ ဝယ်ယူခွင့်ရမှာ ဖြစ်တယ်လို့ မြို့နယ်အထွေထွေအုပ်...

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ စက်သုံးဆီဝယ်ယူလိုပါက စက်သုံးဆီ ထုတ်ယူခွင့်စာအုပ် လုပ်ရမှာဖြစ်ပြီး အဆိုပါစာအုပ်နဲ့သာ ဝယ်ယူခွင့်ရမှာ ဖြစ်တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ ယာဥ်လိုင်စင်မိတ္တူနဲ့ မှတ်ပုံတင်ပဲ ပေးရပေမဲ့ ကျေးရွာဘက်တွေမှာတော့ အိမ်ထောင်စုစာရင်းနဲ့ ယာဥ်ပိုင်ရှင်ဖြစ်ကြောင်း ထောက်ခံစာတွေပါ ပေးရတယ်လို့ ကလိကျေးရွာနေသူတယောက်က ပြောပါတယ်။စက်သုံးဆီထုတ်ယူခွင့်စာအုပ်ကို ရပ်ကျေးအုပ်ချုပ်ရေးနဲ့ မြို့နယ်ထွေအုပ်က ပြုလုပ်ပေးတာ မဟုတ်ဘဲ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်တယ်လို့ ပဲခူးမြို့နယ် ထွေအုပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

news-view-count-icon

10