ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာပြီး ဝယ်ယူရန် ခက်ခဲသည့်အတွက် သောက်ရေသန့်ဘူးကြီးယခင် ၁,၅၀၀ ကျပ်မှ ယခု ၂,၀၀၀ ပေးဝယ်ရ ကြောင်းသိရသည်။လက်ရှိတွင် သောက်ရေသန့်ဘူးသေး တစ်လီတာ တစ်ကတ်လျှင် ၅,၀၀၀ ကျပ်၊ ၃၅၀ မီလီလီတာ တစ်ကတ်လျှင် ၅၀၀၀ ကျပ် နှင့် ၂၀ လီတာ ဘူးကြီးတစ်ဘူးလျှင် ၂,၀၀၀ ကျပ်နှုန်း ဖြင့် ရောင်းချနေကြောင်းသိရသည်။တောင်ကြီးတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် စားသောက်ကုန်များအပါအဝင် နေထိုင်မှုကုန်ကျစရိတ်များလည်း မြှင့်တက်လာနေကြောင်း သိရသည်။



