back

မလေးရှားနိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေး ဂရုပြုလိုက်နာရန် သတိပေး

Mar 23 • 4:12 PM

breaking-news

Myanmar

Local

cover

မလေးရှားနိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေး ဂရုပြုလိုက်နာရန် သတိပေး

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေး ဂရုပြုလိုက်နာရန် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေ...

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေး ဂရုပြုလိုက်နာရန် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့သည်။မလေးရှားနိုင်ငံအတွင်း ကျန်းမာရေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များကိုလိုက်နာရန်၊ လတ်တလောတွင် တီဘီရောဂါဖြစ်ပွားသူပိုမိုများပြားနေ၍ ထိရောက်သောကုသမှုနှင့် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် သတိပေးခဲ့သည်။မလေးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာတွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး တီဘီရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာရန် သတင်းထုတ်ပြန်ထား‌ကြောင်း သိရသည်။





news-view-count-icon

15