back

ရမည်းသင်းဘူတာတွင် တိုးချဲ့ရပ်တန့်ပေးမည့် နေပြည်တော် - မန္တလေးရထား

Mar 23 • 4:11 PM

breaking-news

Myanmar

Local

cover

ရမည်းသင်းဘူတာတွင် တိုးချဲ့ရပ်တန့်ပေးမည့် နေပြည်တော် - မန္တလေးရထား

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းတွင် ပါဝင်တဲ့ ရမည်းသင်းဘူတာတွင် ခရီးစဉ်များ တိုးချဲ့ရပ်တန့်ပေးမှာဖြစ်ပြီး လာမယ့် ၁ ရက်နေ့၊ (၄) လပိုင်းတွင်နေပြည်တော် - မ...

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းတွင် ပါဝင်တဲ့ ရမည်းသင်းဘူတာတွင် ခရီးစဉ်များ တိုးချဲ့ရပ်တန့်ပေးမှာဖြစ်ပြီး လာမယ့် ၁ ရက်နေ့၊ (၄) လပိုင်းတွင်နေပြည်တော် - မန္တလေး၊ မန္တလေး - နေပြည်တော်ကို ပြေးဆွဲပေးနေတဲ့ အမှတ် (၂၇) အဆန်၊ (၂၈) အစုန်ရထားများကို ရမည်းသင်းဘူတာမှာ တိုးချဲ့ရပ်တန့်စေမှာ ဖြစ်ပါတယ်။နေပြည်တော်မှ နေ့လယ် ၁၂:၀၀ နာရီတွင် ထွက်ခွာတဲ့ အမှတ် (၂၇) အဆန်ဟာ ရမည်းသင်းဘူတာသို့ နေ့လယ် ၀၁:၁၉ နာရီတွင်လည်းကောင်း၊ မန္တလေးမှ နံနက် ၀၆:၀၀ နာရီတွင် ထွက်ခွာတဲ့ အမှတ် (၂၈) အစုန်ဟာ ရမည်းသင်းဘူတာသို့ နံနက် ၀၉;၄၁ နာရီတွင်းလည်းကောင်း ဆိုက်ရောက်မှာဖြစ်ပြီး ဆိုက်ရောက်ချိန်မှာ မန္တလေးမှ နေပြည်တော်သို့ နံနက် ၁၁:၀၀ နာရီ၊ နေပြည်တော်မှ မန္တလေးသို့ ညနေ ၀၅:၀၀ နာရီဖြစ်ပါတယ်။မန္တလေး - နေပြည်တော် - မန္တလေးပြေးဆွဲ‌လျက်ရှိတဲ့ ရထားတွေမှာ လျှပ်စစ်စွမ်းအင်သုံးစက်ခေါင်းကိုအသုံးပြုကာ အဲကွန်းပါအထက်တန်းတွဲ၊ ရိုးရိုးတန်းတွဲများဖြင့် ပြေးဆွဲပေးလျက်ရှိပြီး အွန်လိုင်းမှလည်း မကြာခင် ရမည်းသင်းသို့ လက်မှတ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။




news-view-count-icon

19