back

ချောင်းဆုံတွင် ဆီတန်းစီပြီးအပြန် တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်သေဆုံး

Mar 23 • 4:53 PM

breaking-news

Myanmar

Mon

cover

ချောင်းဆုံတွင် ဆီတန်းစီပြီးအပြန် တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်သေဆုံး

ယမန်နေ့ မတ်လ ၂၃ ရက်နေ့က မုဒွန်းရွာမှ အသက် ၄၀ ကျော် တက္ကစီယာဥ်မောင်းတစ်ဦးသည် နံနက် ၂ နာရီခွဲမှ နေ့လည်အထိ ဆီဆိုင်ရှေ့တန်းစီခဲ့ရာ ညနေပိုင်း နေအိမ်အရောက်တွင် ခေါင်း...

ယမန်နေ့ မတ်လ ၂၃ ရက်နေ့က မုဒွန်းရွာမှ အသက် ၄၀ ကျော် တက္ကစီယာဥ်မောင်းတစ်ဦးသည် နံနက် ၂ နာရီခွဲမှ နေ့လည်အထိ ဆီဆိုင်ရှေ့တန်းစီခဲ့ရာ ညနေပိုင်း နေအိမ်အရောက်တွင် ခေါင်းကိုက်ဝေဒနာစတင်ခံစားရာမှ သွေးပေါင်ကျ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း မုဒွန်းရွာခံတစ်ဦးက ဆိုသည်။ချောင်းဆုံအပါအဝင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသည် နံနက် ၇ နာရီမှ ၉ နာရီအထိ၊ ညနေပိုင်း ၃ နာရီမှ ၅ နာရီအထိသာ စက်သုံးဆီများ ဖွင့်လှစ်ရောင်းချပေးနေပြီး နံနက်ပိုင်းဖွင့်သည့်အချိန်တွင် ဆီရရှိရန် ဒေသခံများ နံနက် ၂ နာရီမှစ၍ စောင့်ဆိုင်းဝယ်ယူနေရသည်။လက်ရှိ မွန်ပြည်နယ်၏ နေ့အပူအချိန်သည် ပျမ်းမျှ ၄၀ ဒီဂရီဝန်းကျင်တွင်ရောက်ရှိနေသဖြင့် နေရောင်အကာအကွယ်မပါဘဲ တန်းစီစောင့်ဆိုင်းခြင်း၊ သက်ကြီးပိုင်းများ ဆီတန်းဆီဝယ်ယူခြင်းများ မပြုလုပ်သင့်ကြောင်း မုဒုံမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက တိုက်တွန်းသည်။


news-view-count-icon

11