မွန်ပြည်နယ်အတွင်း နိုင်ငံဝန်ထမ်းများ တန်းစီစောင့်ဆိုင်းရန်မလိုဘဲ ဝန်ထမ်းကဒ်များဖြင့် စက်သုံးဆီများကို ဦးစားဝယ်ယူခွင့်ပြုကြောင်းနှင့် ဒေသခံပြည်သူများကို ယာဉ်အမျိုးအစားအလိုက် ခွဲတမ်းစနစ်ဖြင့် ဝယ်ယူခွင့်လျှော့ချထားကြောင်း သိရသည်။အမှုထမ်း၊ အရာထမ်းများ စနေ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူးနေ့များမှလွဲ၍ ဝန်ထမ်းကဒ်များဖြင့် နီးစပ်ရာဆိုင်များတွင် သတ်မှတ်အချိန်အတိုင်း တစ်ရက် ၁ ကြိမ် ဝယ်ယူခွင့် ရရှိမည်ဖြစ်ပြီး ဒေသခံပြည်သူများကို တစ်ပတ် ၂ ကြိမ်သာ ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။၎င်းကိစ္စနှင့်ပတ်သက်၍ တရားဝင်အတည်ပြုချက်များ မတွေ့ရသေးသော်လည်း သံဖြူဇရပ်တွင် ဌာနဆိုင်ရာဝန်ထမ်းများကို စက်သုံးဆီဆိုင်များမှ ဦးစားပေးရောင်းချနေခြင်းများလည်း ရှိသည်ဟု သိရသည်။



