မူဆယ်မြို့မှ အမျိုးသား ၃ ဦးသည် တောင်ကြီးမြို့တွင် တစ်လ ကျပ်သိန်း ၂၀ ဖြင့် ပြည်သူ့စစ် လုပ်ရမည်ဟု ပွဲစားက ခေါ်သဖြင့် မတ် ၂၂ ရက်တွင် ပွဲစားက စီစဉ်ပေးသည့်ကားဖြင့် လိုက်သွားခဲ့ရာ လမ်းခုလတ် ရောက်သည့်အခါမှ လိမ်လည် လူကုန်ကူးခံရကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။လူကုန်ကူးခံရသည့် အမျိုးသား ၃ ဦးကို စခန်းတွင် ကယ်တင်ထားစဉ်အတွင်း မန္တလေးမြို့မှ လူနာပို့ပြီး ပြန်လာသည့် လက်ဖက်ညွန့် လူမှုကူညီရေးအသင်းကားနှင့် ကြုံသဖြင့် ယင်းအသင်းကားဖြင့် မူဆယ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။အလုပ်ရှာဖွေသည့် လူငယ်များအနေဖြင့် လူလိမ် ကျားဖြန့်များ၏ သားကောင်များ မဖြစ်စေရန် အွန်လိုင်းပေါ်မှ တိကျသေချာမှု မရှိသည့် အလုပ်ခေါ်စာများ၊ ပွဲစားများကို အလွယ်တကူ ယုံကြည်ခြင်းမရှိဘဲ သတိထားရန် လိုအပ်ကြောင်းလည်း သတင်းရင်းမြစ်က တိုက်တွန်းသည်။



