မတ်လ ၂၁ ရက်နေ့ ၁၅၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဒေဝါစိုး(ခ)ကလိုင်း မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၅,၇၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေဝါစိုး(ခ)ကလိုင်း(၃၄)နှစ်အား ရေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆ
က်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။



