ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စိုက်ပျိုးမြေထွန်ယှက်ဖို့အတွက် ထွန်စက်ကြီးနှင့်တစ်နာရီကို တစ်သိန်းကျော်ထိပေးသော်လည်း စက်သုံးဆီမရှိသောကြောင့် ထွန်ယှက်ပေးမယ့်သူမရှိဖြစ်နေသည်။စက်သုံးဆီမရပါက စိုက်ပျိုးရေးလုပ်နေသည့် တောင်သူများအတွက် အခက်အခဲတွေကြုံတွေ့နိုင်ကြောင်း သိရသည်။ယခင်က တောင်သူများသည် ကျွဲ၊ နွားများနှင့် ခြံထည်ခြင်း၊ ထွန်ယှက်ခြင်းများ လုပ်ကိုင်ကြသော်လည်း နောက်ပိုင်းတွင် ကျွဲ၊ နွားများအား ရောင်းကာ ထွန်စက်ကိုသာ အသုံးများလာကြကြောင်း ထွန်စက်ကြီးရှိသည့်သူတွေအတွက် စိုက်ပျိုးရာသီတွင် တစ်ရက်၌ သိန်းနှင့်ချီပြီး ရရှိကြကြောင်း သိရသည်။



