back

တာချီလိတ်မြို့၌ စုံ/မ စနစ်ဖြင့် မော်တော်ယာဉ်မောင်းနှင်မှုအား ရှောင်တခင်စစ်ဆေး

Mar 23 • 1:24 PM

breaking-news

Myanmar

Shan

cover

တာချီလိတ်မြို့၌ စုံ/မ စနစ်ဖြင့် မော်တော်ယာဉ်မောင်းနှင်မှုအား ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မော်တော်ယာဉ်များအား စုံ/မခွဲ၍ မောင်းနှင်သည့်စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မော်တော်ယာဉ်များအား စုံ/မခွဲ၍ မောင်းနှင်သည့်စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သတ်၍ ရှောင်တခင်စစ်ဆေးခြင်းကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဟောင်လိတ်မီးပွိုင့်လမ်းဆုံအနီးတွင် ပြုလုပ်သည်။ရှေးဦးစွာ အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ်ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ဥပဒေရုံး၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယဉ်မောင်းနှင်သူများအား ယာဉ်မောင်းလိုင်စင်၊ သတ်မှတ်နံပါတ်ပြား၊ ထိုင်ခုံခါးပတ် တပ်ဆင်ထားခြင်း ရှိ/မရှိ၊ လတ်တလောထုတ်ပြန်ထားသည့် စုံ/မသတ်မှတ်ရက်အတိုင်းမောင်းနှင်ခြင်း ရှိ/မရှိနှင့် ဆိုင်ကယ်မောင်းနှင် သူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်၊ သုံးယောက်စီးနင်းခြင်း၊ ပါဝါအိပ်ဇောတပ် ဆင်စီးနင်းခြင်းစသည်တို့ကို ရှောင်တခင် စစ်ဆေးပြီး သတ်မှတ်ချက်များဖြင့် မကိုက်ညီသည့် စည်းကမ်းဖောက်ဖျက်ကျူးလွန်သူများကို မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါစနစ်နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့မှစတင်၍ ဥပဒေနည်းလမ်းတကျ ထုတ်ပြန်ထားသည့် အမိန့်ကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကာ ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် တစ်လ၊ ငွေဒဏ် ကျပ်နှစ်သောင်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။




news-view-count-icon

11