မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အသိပေးချက်များကို အထူးဂရုပြု လိုက်နာကြရန် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးနှိုးဆော်လိုက်သည်။ မလေးရှားနိုင်ငံတွင် လတ်တလော တီဘီ (TB) ရောဂါဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားရောက်မည့်သူများအနေဖြင့် ရောဂါကူးစက်မှုမရှိစေရန်နှင့် ကျန်းမာရေးစည်းကမ်းချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ကြောင်း သိရှိရပါသည်။
မလေးရှားသွားမည့် မြန်မာလုပ်သားများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးစည်းကမ်းများ လိုက်နာရန် အလုပ်သမားဝန်ကြီးဌာန သတိပေး
Mar 23 • 7:47 AM
Malaysia
Local
Share
| 1 | 0 | 0 | 0 |


