ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပ၊ ရွှေပြည်သာနှင့် လှိုင်သာယာ အစရှိသည့် မြို့နယ်များတွင် ဘေးတွဲဆိုင်ကယ် မောင်းနှင်သူများသည် ပြင်ပစက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ကျပ် ၈,၀၀၀ ကျော်အထိ မြင့်တက်လာခြင်းနှင့်အတူ လုပ်ငန်းလည်ပတ်ရန် ခက်ခဲလာကြောင်း သိရသည်။ အဆိုပါ ဘေးတွဲဆိုင်ကယ် အများစုမှာ လိုင်စင်မဲ့ယာဉ်များ ဖြစ်ကြသဖြင့် အစိုးရမှ ထုတ်ပြန်ထားသည့် QR Code စနစ်ဖြင့် ဆီဝယ်ယူခွင့်မရဘဲ ပြင်ပဆိုင်များတွင်သာ အဆမတန်ဈေးပေး၍ ဝယ်ယူနေရခြင်းဖြစ်သည်။စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ခရီးစဉ်စရိတ်များ တိုးမြှင့်တောင်းခံရသဖြင့် ခရီးသည်နည်းပါးသွားခြင်း၊ အုံနာကြေး (ယာဉ်ငှားခ) ရှုံးနိမ့်ခြင်းတို့ကြောင့် အချို့သော ယာဉ်မောင်းများမှာ လုပ်ငန်းနားသိမ်း၍ ဘေးတွဲဆိုင်ကယ်များကို ပြန်လည်အပ်နှံထားကြရသည်။ လက်ရှိတွင် စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ လိုင်စင်ရှိသော ဆိုင်ကယ်များကိုသာ QR Code စနစ်ဖြင့် တစ်ရက်လျှင် ၃ လီတာနှုန်း ဝယ်ယူခွင့်ပြုထားကြောင်း သိရှိရပါသည်။
Mar 23 • 7:48 AM
Myanmar
Yangon
Share
| 8 | 0 | 0 | 0 |


