back

မွန်ပြည်နယ်တွင် စက်သုံးဆီချွေတာရန် 'စုံ၊ မ' ယာဉ်စနစ်ဖြင့် ဖမ်းဆီးအရေးယူမှုများ စတင်

Mar 23 • 7:46 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်တွင် စက်သုံးဆီချွေတာရန် 'စုံ၊ မ' ယာဉ်စနစ်ဖြင့် ဖမ်းဆီးအရေးယူမှုများ စတင်

မွန်ပြည်နယ်တွင် စက်သုံးဆီဖူလုံစေရန်နှင့် ခြိုးခြံချွေတာရန် ရည်ရွယ်၍ သတ်မှတ်ထားသော 'စုံ၊ မ' ယာဉ်မောင်းနှင်ခွင့်စနစ်ကို ချိုးဖောက်သည့် မော်တော်ယာဉ်များကို မတ်လ ၂၂...

မွန်ပြည်နယ်တွင် စက်သုံးဆီဖူလုံစေရန်နှင့် ခြိုးခြံချွေတာရန် ရည်ရွယ်၍ သတ်မှတ်ထားသော 'စုံ၊ မ' ယာဉ်မောင်းနှင်ခွင့်စနစ်ကို ချိုးဖောက်သည့် မော်တော်ယာဉ်များကို မတ်လ ၂၂ ရက်နေ့မှစတင်ကာ ဌာနစုံပူးပေါင်းအဖွဲ့များက ဖမ်းဆီးအရေးယူနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်အရ လစဉ်စုံရက်များတွင် စုံဂဏန်းပါသောယာဉ်များနှင့် မရက်များတွင် မဂဏန်းပါသောယာဉ်များကိုသာ မောင်းနှင်ခွင့်ပြုထားခြင်းဖြစ်သည်။လက်ရှိတွင် လမ်းဆုံလမ်းခွများနှင့် စက်သုံးဆီဆိုင်များတွင် လိုက်လံစစ်ဆေးနေပြီး စည်းကမ်းဖောက်ဖျက်ပါက ငွေကျပ် ၃၀,၀၀၀ ခန့် ဒဏ်ရိုက်ခြင်း သို့မဟုတ် ပညာပေးလွှတ်ခြင်းများ ရှိနေသည်။ သတ်မှတ်ချက်ကို မလိုက်နာပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ် (၁) လ၊ ငွေဒဏ် ကျပ် ၂၀,၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သိရသည်။ 

news-view-count-icon

12