ငွေကြေးအကျိုးအမြတ်အတွက် အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ပို့ဆောင်ရန် လှည့်ဖြားစည်းရုံးခဲ့သူများကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် အမျိုးသမီးတစ်ဦးအား တရုတ်အမျိုးသားနှင့် ပေါင်းသင်းပါက ငွေရမည်ဟု စည်းရုံးကာ ရောင်းစားခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မတ်လ ၁၉ ရက်တွင် ခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့သည်။ အလားတူ ရန်ကုန်မှ မိန်းကလေးတစ်ဦးကို လူမှုကွန်ရက်မှတစ်ဆင့် လှည့်ဖြားကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ကြိုးပမ်းသည့် အခြားဖြစ်စဉ်တစ်ခုတွင်လည်း ပါဝင်ပတ်သက်သူတစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး အဓိကတရားခံကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ ရဲတပ်ဖွဲ့က အမျိုးသမီးများအနေဖြင့် ပြည်ပတွင် အိမ်ထောင်ဖက်ရှာပေးမည် သို့မဟုတ် အလုပ်အကိုင်ရမည်ဆိုသည့် မက်လုံးများအပေါ် အထူးသတိပြုကြရန် တိုက်တွန်းထားပါသည်။
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ရောင်းစားရန် ကြိုးပမ်းသူများကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်
Mar 23 • 7:42 AM
China
Local News
Share
| 1 | 0 | 0 | 0 |


