back

တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်း

Mar 23 • 7:41 AM

breaking-news

Myanmar

Local

cover

တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်း

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ အမြဲတမ်းကော်မတီနှစ်ခုဖြစ်သော ဥပဒေကြမ်းကော်မတီ နှင့် ပြည်သူ့ငွေ...

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ အမြဲတမ်းကော်မတီနှစ်ခုဖြစ်သော ဥပဒေကြမ်းကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီ တို့ကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စည်းလိုက်သည်။ ဥပဒေကြမ်းကော်မတီတွင် ဒေါက်တာနန္ဒကျော်စွာ (ဒဂုံမဲဆန္ဒနယ်) က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီတွင် ဦးတေဇကျော် (အောင်မြေသာစံမဲဆန္ဒနယ်) က ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ကော်မတီဖွဲ့စည်းပုံကို တင်ပြခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ကော်မတီများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ရှင်းလင်းပြောကြားခဲ့သည်။ လာမည့် မတ်လ ၂၄ ရက်တွင် ကျင်းပမည့် တတိယနေ့အစည်းအဝေး၌ နောက်ထပ် အမြဲတမ်းကော်မတီနှစ်ခုကို ထပ်မံဖွဲ့စည်းသွားရန် ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

18