ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမား ၇ ဦးအား အလုပ်သွင်းပေးမည်ဟုဆိုကာ တစ်ဦးလျှင် ဘတ် ၈,၀၀၀ စီ (စုစုပေါင်း ဘတ် ၅၆,၀၀၀) နှင့် စာရွက်စာတမ်းများ ယူဆောင်ထွက်ပြေးသွားသည့် ရှမ်းအမျိုးသမီးပွဲစားတစ်ဦးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း UFF-Labour အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပွဲစားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ငွေနှင့် စာရွက်စာတမ်းများ တောင်းယူခဲ့ခြင်းဖြစ်ပြီး၊ အလုပ်သမားများ၏ အကူအညီတောင်းခံမှုကြောင့် UFF အဖွဲ့က ကြားဝင်ဖြေရှင်းပေးခဲ့ရာ အလုပ်သမား ၆ ဦး၏ စာရွက်စာတမ်းများသာ ပြန်လည်ရရှိခဲ့သည်။ သို့သော် ကျန်ရှိနေသည့် အလုပ်သမား ၁ ဦး၏ စာရွက်စာတမ်းနှင့် အလုပ်သမားအားလုံး၏ ငွေကြေးများကို ပြန်လည်ပေးအပ်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
Mar 23 • 7:40 AM
Thailand
Local News
Share
| 7 | 0 | 0 | 0 |


