မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု (၇) စုအတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က Myingyan Rescue ရုံးမှတစ်ဆင့် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်း (၂၉) မျိုးကို ထောက်ပံ့လှူဒါန်းခဲ့သည်။ အဆိုပါမီးလောင်မှုမှာ နံနက် ၃ နာရီခွဲကျော်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များနှင့် လူမှုကူညီရေးအသင်းများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
မြင်းခြံမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စု ၇ စုအတွက် လူမှုကယ်ဆယ်ရေးအဖွဲ့က ထောက်ပံ့ပစ္စည်း ၂၉ မျိုး လှူဒါန်း
Mar 23 • 7:33 AM
Myanmar
Yangon
Share
| 10 | 0 | 0 | 0 |


