ကျုံပျော်မြို့ခံ ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုနှင့်ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျုံပျော်မြို့အဝင်မြေယာရှုခင်းအလှ (Landscape) တည်ဆောက်ခြင်းကို စတင်အကောင်အထည်ဖော်နေကြောင်း သိရသည်။"ခရိုင်မြို့အင်္ဂါရပ်နဲ့အညီပေါ့ ။ ကျွန်တော်ကနေ ဆော်သြပေးမှုနဲ့ မြို့ခံအလှူရှင်တွေက ဝိုင်းဝန်းလှူဒါန်းကြတယ်။ ဌာနဆိုင်ရာကို တင်ပြတော့ သူတို့ဘက်ကလည်း နိုင်သလောက်ပူးပေါင်းလှူဒါန်းကြတယ်။ ဌာနနဲ့ပတ်သက်တဲ့ အကူအညီတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ထားပါတယ်"ဟု ကျုံပျော်မြို့ခံ မြို့မိမြို့ဖ ဦးဆောင်သူ ဦးသိန်းမြင့်ဆောင်က ပြောသည်။
Mar 23 • 7:35 AM
Myanmar
Ayeyarwady
Share
| 11 | 0 | 0 | 0 |


