back

အောက်စ်ဖို့ဒ်ဆရာတော်ကြီးမှ လူငယ်များအတွက် တိုးတက်စိတ်ထားနှင့် မုဒိတာပွားများခြင်း (growth mindset and mudita) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်ဟောပြောတော်မူ

Mar 23 • 7:32 AM

breaking-news

Myanmar

International

cover

အောက်စ်ဖို့ဒ်ဆရာတော်ကြီးမှ လူငယ်များအတွက် တိုးတက်စိတ်ထားနှင့် မုဒိတာပွားများခြင်း (growth mindset and mudita) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်ဟောပြောတော်မူ

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ အောက်စ်ဖို့ဒ်ဆရာတော်ကြီးနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်တို့ ပူးပေါင်း၍ "တိုးတက်စိတ်ထား၊ မုဒိတာနှင့် ကြံ့ခိုင်စိတ်ထ...

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ အောက်စ်ဖို့ဒ်ဆရာတော်ကြီးနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်တို့ ပူးပေါင်း၍ "တိုးတက်စိတ်ထား၊ မုဒိတာနှင့် ကြံ့ခိုင်စိတ်ထား" (Growth Mindset, Mudita, and Resilience) ခေါင်းစဉ်ဖြင့် တစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်က တောင်ကြီးမြို့၊ ကမ္ဗောဇသာသနာလင်္ကာရဓမ္မာရုံ၌ ကျင်းပခဲ့သည်။ အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြားရှိ လူငယ်များ၏ အတွေးအခေါ်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှု မြှင့်တင်ရန် ရည်ရွယ်သည့် ယင်းဆွေးနွေးပွဲသို့ တက္ကသိုလ်ကျောင်းသား/သူများနှင့် ဆရာ/ဆရာမ စုစုပေါင်း ၂၉၅ ဦး တက်ရောက်ခဲ့ကြပြီး ဆရာတော်ကြီးကိုယ်တိုင် အပြုသဘောဆောင်သော စိတ်နေစိတ်ထားများအကြောင်း ဟောပြောပို့ချခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

16