back

ရန်ကုန် K.I.P ဆိပ်ကမ်း၌ MT TIRTASARI သင်္ဘောမှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများ ချယူလျက်ရှိ

Mar 23 • 7:30 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန် K.I.P ဆိပ်ကမ်း၌ MT TIRTASARI သင်္ဘောမှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများ ချယူလျက်ရှိ

ရန်ကုန်မြို့ရှိ K.I.P ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် MT TIRTASARI ဆီတင်သင်္ဘောကြီးပေါ်မှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် ညပိုင်းမှစတ...

ရန်ကုန်မြို့ရှိ K.I.P ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် MT TIRTASARI ဆီတင်သင်္ဘောကြီးပေါ်မှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် ညပိုင်းမှစတင်ကာ ကုန်ချမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မတ်လ ၂၂ ရက် ညပိုင်းတွင် လုပ်ငန်းများပြီးစီးမည် ဖြစ်သည်။ ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများ အချိန်မီဖြန့်ဖြူးနိုင်ရန် ရည်ရွယ်တင်သွင်းလာခြင်းဖြစ်ကာ တင်သွင်းလာသည့်ဆီများ၏ အရည်အသွေးနှင့် အလေးချိန် တိကျမှန်ကန်မှုရှိစေရန် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

14