back

မတ်လတတိယပတ်အထိ Online Trading Platform တွင် ဒေါ်လာ၊ ယွမ်၊ ဘတ်နှင့် ရူပီး ငွေကြေးအမြောက်အမြား အရောင်းအဝယ်ပြုလုပ်

Mar 23 • 7:29 AM

breaking-news

Myanmar

International

cover

မတ်လတတိယပတ်အထိ Online Trading Platform တွင် ဒေါ်လာ၊ ယွမ်၊ ဘတ်နှင့် ရူပီး ငွေကြေးအမြောက်အမြား အရောင်းအဝယ်ပြုလုပ်

၂၀၂၆ ခုနှစ်၊ မတ်လတတိယပတ်အထိ FX Market Online Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလိုအပ်သူများအကြား နိုင်ငံခြားငွေကြေးမျိုးစုံကို ...

၂၀၂၆ ခုနှစ်၊ မတ်လတတိယပတ်အထိ FX Market Online Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလိုအပ်သူများအကြား နိုင်ငံခြားငွေကြေးမျိုးစုံကို သန်းနှင့်ချီ၍ အရောင်းအဝယ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ ၂၅၇ ဒသမ ၇၈ သန်း၊ ယွမ် ၁၀၃ ဒသမ ၇၀ သန်း၊ ဘတ် ၈၂၆ ဒသမ ၄၂ သန်းနှင့် ရူပီး ၁၁ ဒသမ ၉၉ သန်း အသီးသီး အရောင်းအဝယ်ဖြစ်ခဲ့သည်။အဆိုပါဈေးကွက်အတွင်းသို့ ဗဟိုဘဏ်မှလည်း ဒေါ်လာ ၃ ဒသမ ၈၄ သန်း၊ ယွမ် ၀ ဒသမ ၇၇ သန်းနှင့် ဘတ် ၃၇ ဒသမ ၇၆ သန်းတို့ကို ရောင်းချဖြည့်ဆည်းပေးခဲ့သည့်အပြင်၊ အဓိကကဏ္ဍဖြစ်သည့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၉၆ သန်း အထိ သီးသန့်ရောင်းချပေးခဲ့ပြီး ဖြစ်သည်။ ဤသို့ရရှိလာသည့် နိုင်ငံခြားငွေများကို စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် စက်မှုကုန်ကြမ်းပစ္စည်းများအပါအဝင် အခြေခံလူသုံးကုန်နှင့် လုပ်ငန်းသုံးပစ္စည်းမျိုးစုံ တင်သွင်းရန်အတွက် အသုံးပြုခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

7