မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ၁၉၉၃ ဆီးဂိမ်းစ် ငွေတံဆိပ်ဆုရှင်ဖြစ်ခဲ့သလို ၁၉၉၄ အာရှအားကစားပြိုင်ပွဲတွင် ကာတာအသင်းအား အရေးပါသော ချေပဂိုးသွင်းယူပေးခဲ့သည့် ဝါရင့်ဘောလုံးကစားသမားဟောင်း ဦးတင်မြင့်အောင်သည် အသည်းကင်ဆာရောဂါကို နှစ်ရှည်လများခံစားခဲ့ရပြီးနောက် ယနေ့ (မတ် ၂၃ ရက်) နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ ၎င်းသည် ဘဏ္ဍာအခွန်အသင်းနှင့်အတူ ပြည်တွင်းအောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့်အပြင် ထိုင်းကလပ်များတွင် ပရော်ဖက်ရှင်နယ်အဖြစ် သွားရောက်ကစားခဲ့သည့် မြန်မာ့ပထမဆုံးမျိုးဆက် ကစားသမားတစ်ဦးလည်း ဖြစ်သည်။ ကစားသမားဘဝမှ အနားယူပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်းများနှင့် ယူ-၂၃ အသင်းတို့ကို နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သလို၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင်လည်း နည်းစနစ်ဒါရိုက်တာအဖြစ် နောက်ဆုံးအချိန်အထိ ဘောလုံးလောကတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ အကျိုးပြုသွားခဲ့သည့် ဘောလုံးပါရမီရှင်ကြီးတစ်ဦး ဖြစ်ပါသည်။
| 41 | 0 | 0 | 0 |


