back

JOGARBOLA အမှတ်တံဆိပ်နှင့် မြန်မာ့လက်ရွေးစင်အသင်းတံဆိပ် အလွဲသုံးစားပြုလုပ်မှုများကို ဥပဒေအရ ထိရောက်စွာ အရေးယူမည်

Mar 23 • 7:25 AM

breaking-news

Myanmar

International

cover

JOGARBOLA အမှတ်တံဆိပ်နှင့် မြန်မာ့လက်ရွေးစင်အသင်းတံဆိပ် အလွဲသုံးစားပြုလုပ်မှုများကို ဥပဒေအရ ထိရောက်စွာ အရေးယူမည်

အားကစားပစ္စည်း ထုတ်လုပ်သည့် Jogarbola Myanmar က ၎င်းတို့၏ Brand နာမည်နှင့် Logo များကို အသုံးပြု၍ မြန်မာ့လက်ရွေးစင် အသင်းတံဆိပ်များနှင့် တွဲဖက်ကာ ဈေးကွက်အတွင်း ...

အားကစားပစ္စည်း ထုတ်လုပ်သည့် Jogarbola Myanmar က ၎င်းတို့၏ Brand နာမည်နှင့် Logo များကို အသုံးပြု၍ မြန်မာ့လက်ရွေးစင် အသင်းတံဆိပ်များနှင့် တွဲဖက်ကာ ဈေးကွက်အတွင်း အတုအပ ပြုလုပ်ရောင်းချနေသူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်လိုက်သည်။ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ထွက်ပေါ်လာသည့် အဆိုပါ ထုတ်ပြန်ချက်အရ Jogarbola မှ တရားဝင် ထုတ်လုပ်ထားခြင်း မရှိသော ပစ္စည်းများအပေါ် Brand နာမည်ကို အလွဲသုံးစားပြုလုပ်ကာ ထုတ်လုပ်နေခြင်းအား ယခင်က ပထမအကြိမ် သတိပေးခဲ့ပြီး ဖြစ်သည်။လက်ရှိတွင် Jogarbola အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းအတွက် တရားဝင် ထုတ်လုပ်ပေးထားသည့် Product များ မဟုတ်ဘဲ အမှတ်တံဆိပ်များကို ခွင့်ပြုချက်မရှိဘဲ တွဲဖက်အသုံးပြုနေခြင်းကို စောင့်ကြည့်စစ်ဆေးနေပြီး၊ ဆက်လက် ကျူးလွန်နေသူများကို တည်ဆဲဥပဒေများအတိုင်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

10