back

မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်း ကမ္ဘာတစ်ဝန်းတွင် အလယ်အလတ်နေရာတွင်သာရှိ

Mar 23 • 7:23 AM

breaking-news

Myanmar

International

cover

မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်း ကမ္ဘာတစ်ဝန်းတွင် အလယ်အလတ်နေရာတွင်သာရှိ

ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီဈေးနှုန်းများအား စစ်တမ်းကောက်ယူ၍ RankingRoyals မှ ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် အလယ်အလတ်နေရာတွင်သာ တည်ရှိနေဆဲဖြစ်က...

ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီဈေးနှုန်းများအား စစ်တမ်းကောက်ယူ၍ RankingRoyals မှ ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် အလယ်အလတ်နေရာတွင်သာ တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ကမ္ဘာတစ်ဝန်းတွင် စက်သုံးဆီဈေးနှုန်းအမြင့်ဆုံးနိုင်ငံမှာ သီရိလင်္ကာနိုင်ငံဖြစ်ပြီး စက်သုံးဆီ တစ်လီတာလျှင် ပျမ်းမျှဈေး ကန်ဒေါ်လာ ၁ ဒသမ ၁၇၆ ခန့်ရှိကာ၊ စက်သုံးဆီဈေးနှုန်းအနိမ့်ဆုံးနိုင်ငံမှာ လစ်ဗျားနိုင်ငံ ဖြစ်၍ စက်သုံးဆီ တစ်လီတာလျှင် ပျမ်းမျှဈေး ကန်ဒေါ်လာ ၀ ဒသမ ၀၂၃ သာရှိကြောင်းသိရသည်။RankingRoyals ၏ စစ်တမ်းအရ မြန်မာနိုင်ငံတွင် စက်သုံးဆီ တစ်လီတာလျှင် ပျမ်းမျှဈေး ကန်ဒေါ်လာ ၀ ဒသမ ၈၄ ရှိသည်။RankingRoyals သည် ကမ္ဘာတစ်ဝှမ်းတွင် အရှိန်အဟုန်ဖြင့် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် အွန်လိုင်းပညာရေး ဆိုင်ရာ ကွန်ရက်များထဲမှ တစ်ခုဖြစ်ကာ၊ ကမ္ဘာတစ်ဝှမ်းမှ ဒေတာနှင့် ကိန်းဂဏန်း အချက်အလက်များကို စုစည်းပြီး စိတ်ဝင်စားဖွယ်ရာ သတင်းအချက်အလက်များကို ကမ္ဘာလုံးဆိုင်ရာ ပရိသတ်များထံ တင်ဆက်ပေးနေခြင်းဖြစ်သည်။

news-view-count-icon

11