ထိုင်းနိုင်ငံ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက ဗီဇာအခမဲ့ပေးတာ ရက် ၆၀ - ၂ လကို ရက် ၃၀ အထိ လျှော့ချဖို့ လုပ်နေတယ်လို့ သိရပါတယ်။ အဓိကတော့ ဗီဇာ နေထိုင်ခွင့်ကို အသုံးချပြီး တရားမဝင်လုပ်တာတွေကို တားဆီးဖို့ ဖြစ်ပါတယ်။ ယခင်ဝန်ကြီးချုပ်ဟောင်း Srettha Thavisin က မိတ်ဆက်ခဲ့တဲ့ ရက် ၆၀ - ၂ လ ဗီဇာကင်းလွတ်ခွင့်ဟာ ထိုင်းက်ို လူသိများ၊ စီးပွားရေးအရတိုးတက်အောင်မြင်စေခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အခုလို ကင်းလွတ်ခွင့်က ရက်များတယ်လို့ ယူဆတာရော၊ ဗီဇာကို အသုံးချပြီး စီးပွားရေးလုပ်တာတွေရှိနေတယ်လို့ဆိုပါတယ်။ဒီလို လုပ်တာက ဖူးခက်မှာဆို ဆိုးရွားနေပြီး ထိုင်းတွေသီးသန့် လုပ်လို့ရတဲ့ အလုပ်လုပ်တာတွေ၊ ပိုင်ဆိုင်မှု ဝယ်တာကို စိမ်ပြေတပြေလုပ်တာတွေ၊ ကျားဖြန့်လုပ်တာတွေရှိလာလို့ ရက် ၃၀ သာ ကန့်သတ်ပြီး ဒါကလည်း လုံလောက်မယ်လို့ အစိုးရက ယူဆထားပါတယ်။ အခု အတည်ပြုမယ့် ဥပဒေအသစ်မှာ နိုင်ငံခြားသား (မြန်မာမပါ) တွေက ရက် ၃၀ ဗီဇာ ရရှိမှာဖြစ်ပြီး နောက်ထပ် ရက် ၃၀ သပ်တမ်းတိုးခွင့်ရမှာပါ။ ဒါ့အပြင် ဘေးနိုင်ငံတွေကို အဝင်-အထွက်ပြပြီး ထိုင်းကို ပြန်ဝင် ဗီဇာပြန်ရ၊ ဒီ ဟာကွက်ကို အသုံးချနေတာကိုလည်း တားဆီးသွားမယ်လို့ဆိုပါတယ်။
Mar 23 • 2:50 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


