ဧရာဝတီတိုင်းအတွင်းမှာ နွေစပါးတွေ ပေါ်လာချိန် စပါးစျေး တဖြည်းဖြည်းကျလာခဲ့ပြီး အခုရက်ပိုင်းမှာ တင်းတရာကို ကျပ် ၁၁ သိန်းဝန်းကျင်ထိ စျေးထပ်ကျလာခဲ့တာ ဖြစ်ပါတယ်။နွေစပါးအဖြစ် အစိုက်များကြတဲ့ ရက် ၉၀ ၊ GW-11 ၊ နယူးဧရာ ၊ ဗျောသုခ စတဲ့နွေစပါးအမျိုးအစားတွေ စျေးကျနေတာဖြစ်ပြီး အခုတပတ်အတွင်းမှာပဲ ကျပ် ၁၂ သိန်းဝန်းကျင်ကနေ ၁၁ သိန်းလောက်ထိ ထိုးကျသွားခဲ့တာလို့ ဆိုပါတယ်။အဲဒီစပါးတွေဟာ နွေစပါးပေါ်ခါစမှာ တင်းတရာကို ကျပ် ၁၄ သိန်းဝန်းကျင်ထိ စျေးရှိခဲ့ရာကနေ နွေစပါးလှိုင်လာ ချိန် တဖြေးဖြေး စျေးကျသွားခဲ့တာဖြစ်ပါတယ်။ ဆင်းသုခ၊ ဧည့်မထ စတဲ့စပါးတွေကတော့ တင်းတရာကို ကျပ် ၁၄ သိန်းနီးပါးစျေးရှိနေတယ်လို့ ဆိုပါတယ်။
Mar 23 • 3:20 AM
Myanmar
Ayeyarwady
Share
| 4 | 0 | 0 | 0 |


