back

လီဗာပူးလ်အသင်းရဲ့စွမ်းဆောင်ရည်ပုံမှန်မရှိမှုကို အသင်းနည်းပြ ညည်းတွား

Mar 23 • 2:49 AM

breaking-news

Myanmar

International

cover

လီဗာပူးလ်အသင်းရဲ့စွမ်းဆောင်ရည်ပုံမှန်မရှိမှုကို အသင်းနည်းပြ ညည်းတွား

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အသင်းရဲ့စွမ်းဆောင်ရည်ပုံမှန်မရှိမှုကို ဘရိုက်တန်နဲ့ပွဲအပြီးမှာ ညည်းတွားခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ အခုရာသီ ၁၀ ပွဲမြောက်အရှုံးနဲ့ ...

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အသင်းရဲ့စွမ်းဆောင်ရည်ပုံမှန်မရှိမှုကို ဘရိုက်တန်နဲ့ပွဲအပြီးမှာ ညည်းတွားခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ အခုရာသီ ၁၀ ပွဲမြောက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ရှုံးပွဲ ၁၀ ပွဲ ရှိခဲ့ပြီးနောက် ဆယ်စုနှစ်အကြာ ရှုံးပွဲအများဆုံးရာသီ ဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် ပရီးမီးယားလိဂ်ချန်ပီယံအသင်းတွေရဲ့ ချန်ပီယံကာကွယ်ရေးခရီးမှာ ၁၀ ပွဲနဲ့အထက်ရှုံးတဲ့ ခုနစ်သင်းမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ ရာသီအစ ငါးပွဲဆက် အနိုင်ရခဲ့ပေမဲ့ ယင်းနောက် ၂၆ ပွဲမှာ ကိုးပွဲသာ အနိုင်ရခဲ့တာပါ။''ဒီပွဲက အမှားအယွင်းနဲ့ စတင်ခဲ့ရတာပါ။ အခုရာသီမှာ ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ပါတယ်။ တကယ်ကောင်းတဲ့ပွဲ (ဂါလာတာစာရေးနဲ့ပွဲ)

ကစားခဲ့ချိန်မှာ ဒီလိုအဆင့်အတန်းမျိုး ဒါမှမဟုတ် ဒီထက်ကောင်းမွန်မှုမျိုး သယ်ဆောင်နိုင်မယ်လို့ တွေးခဲ့ပါတယ်။ ဆာလာ ဒဏ်ရာရခဲ့တယ်။အယ်လစ်ဆန် ဒဏ်ရာရခဲ့တယ်။ အက်ကီတီကေလည်း နှစ်မိနစ်သာကစားပြီး ထွက်ခဲ့ရတယ်။ ဒါတွေက ဒီရာသီမှာ အကြိမ်များစွာ ဖြစ်ပျက်ခဲ့တာပါ။ ကျွန်တော်တို့ ဒီရာသီ အများအပြားဖြစ်ပျက်ခဲ့တာက ပြိုင်ဘက်အသင်းဟာ ပထမဆုံးအခွင့်အရေးကနေ ဂိုးရခဲ့တာပါပဲ။ ဒါပေမဲ့ဒုတိယပိုင်းမှာ ဘရိုက်တန်က ပိုကောင်းခဲ့ပြီး နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်''လို့ အာနယ်ဆလော့က ပြောခဲ့ပါတယ်။

news-view-count-icon

11